အသုံးပြုမှု စည်းကမ်းများ
ဤဝက်ဘ်ဆိုက်ကို ခရီးမထွက်မီ ပြင်ဆင်ချက်များ စစ်ရန်နှင့် ရန်ကုန်လေဆိပ်ထွက်ခွာလမ်းကြောင်းကို နားလည်ရန် အသုံးပြုနိုင်ပါတယ်။ လက်တွေ့ခရီးစဉ်အတွက် အောက်ပါအချက်များကို သတိပြုပါ။
နောက်ဆုံးပြင်ဆင်ထားသည့်နေ့ · ၁၃ အောက်တိုဘာ ၂၀၂၆လမ်းညွှန်အချက်အလက်
ခရီးလမ်းညွှန်နှင့် လေဆိပ်မြေပုံသည် ပြင်ဆင်ရာတွင် အထောက်အကူပြုရန် ဆွဲထားခြင်းဖြစ်ပါတယ်။ ဗီဇာ၊ ကျောင်းသားခွင့်ပြုချက်၊ ငွေကြေးအထောက်အထားနှင့် အပြန်လက်မှတ်လိုအပ်ချက်များသည် နိုင်ငံ၊ ခရီးရည်ရွယ်ချက်နှင့် လက်ရှိစည်းကမ်းအလိုက် ကွာနိုင်ပါသည်။ မြေပုံသည် schematic ဖြစ်ပြီး လက်ရှိကောင်တာ၊ gate သို့မဟုတ် တိကျသော လေဆိပ်ကြမ်းပြင်ပုံစံကို အာမခံထားသည့် မြေပုံ မဟုတ်ပါ။ ဆိုင်းဘုတ်၊ flight display နှင့် ဝန်ထမ်းညွှန်ကြားချက်ကို လက်တွေ့ခရီးတွင် ဦးစားပေးပါ။
စည်းမျဉ်းနှင့် လက်တွေ့အခြေအနေ ပြောင်းနိုင်ခြင်း
လေကြောင်းလိုင်း၊ လေဆိပ်နှင့် သက်ဆိုင်ရာနိုင်ငံများ၏ စည်းမျဉ်း၊ လုပ်ငန်းစဉ်နှင့် မူဝါဒများသည် ကြိုတင်အသိမပေးဘဲ ပြောင်းနိုင်ပါတယ်။ MangoWings က ဤလမ်းညွှန်ကို လက်တွေ့မြေပြင်အခြေအနေနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ပြန်စစ်၊ ပြင်ဆင်ပါမယ်။ သို့သော် ဤစာမျက်နှာကို အမြဲတမ်း နောက်ဆုံးအတည်ပြုချက်အဖြစ် မယူဆဘဲ ခရီးမထွက်မီ လေကြောင်းလိုင်းနှင့် သက်ဆိုင်ရာတရားဝင်ဌာနများထံ ထပ်မံအတည်ပြုပါ။
ထွက်ခွာခွင့်နှင့် ဝင်ခွင့်
စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းက ထွက်ခွာခွင့် သို့မဟုတ် ဝင်ခွင့်ကို အာမခံခြင်း မဟုတ်ပါ။ နောက်ဆုံးဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ လေကြောင်းလိုင်း၊ လေဆိပ်နှင့် အာဏာပိုင်များက ချမှတ်ပါတယ်။
ဝန်ဆောင်မှုနှင့် စျေးနှုန်း
ဝန်ဆောင်မှုအကျုံးဝင်မှု၊ ဝန်ဆောင်ခ၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ်စျေးနှုန်းများကို သင့်ခရီးရက်နှင့် ရွေးချယ်မှုအလိုက် သီးခြားအတည်ပြုရပါမယ်။ Booking တစ်ခုချင်းစီ၏ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းခြင်းဆိုင်ရာ စည်းကမ်းများကို ငွေမပေးမီ မေးမြန်းအတည်ပြုပါ။ ဝက်ဘ်ဆိုက်ကို ကြည့်ရှုရုံဖြင့် ဝန်ဆောင်မှု Booking အတည်ဖြစ်မသွားပါ။
မေးမြန်းရန်
ဤစည်းကမ်းများ သို့မဟုတ် သင့်ခရီးစဉ်အတွက် သီးခြားလိုအပ်ချက်များကို MangoWings ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။