ပထမဆုံးပြည်ပခရီးအတွက် လေဆိပ်မသွားခင် ဒါတွေဖတ်ပါ။
အလည် သို့မဟုတ် ကျောင်းနဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူသွားမယ့်သူတွေအတွက် ပြင်ဆင်စရာတွေနဲ့ ရန်ကုန်လေဆိပ် ထွက်ခွာလမ်းကြောင်းကို တစ်နေရာတည်းမှာ ဖတ်နိုင်ပါတယ်။
လမ်းညွှန် ဖတ်မယ်ကိုယ့်ခရီးအတွက် ဖတ်ကြည့်ပါ
သွားမယ့်ရည်ရွယ်ချက်နဲ့ နိုင်ငံကို ရွေးပြီး လိုအပ်တဲ့အချက်တွေကို ဖတ်နိုင်ပါတယ်။
အလည်
ထိုင်း
မြန်မာ Passport ကိုင်သူအတွက် အခြေခံလမ်းညွှန်ပါ။ လေကြောင်းလိုင်း၊ ထွက်ခွာရေးနှင့် ဝင်ခွင့်စည်းကမ်းများကို ခရီးမထွက်မီ ပြန်စစ်ပါ။
ထိုင်းကို အလည်သွားဖို့
- Passport သက်တမ်း၊ အမည်၊ flight နှင့် တည်းခိုမည့်နေရာကို ကိုက်ညီအောင် ပြင်ထားပါ။ အသွား/အပြန် လက်မှတ်နှင့် Hotel Booking ကိုလည်း အဆင်သင့်ထားပါ။
- TDAC ကို ထိုင်းရောက်မည့်နေ့အပါအဝင် ၃ ရက်အတွင်း တရားဝင် site မှာ အခမဲ့ ဖြည့်ပါ။ TDAC သည် visa မဟုတ်ပါ။
- Show Money ပြင်ဆင်ရန် — ฿20,000။ ဤပမာဏသည် MangoWings ပြင်ဆင်ရေးအကြံပြုချက်ဖြစ်ပြီး ဝင်ခွင့်အာမခံချက် မဟုတ်ပါ။
မလေးရှားကို အလည်သွားဖို့
- Passport၊ အသွား/အပြန် သို့မဟုတ် ဆက်လက်ခရီးလက်မှတ်၊ တည်းခိုရာလိပ်စာကို ပြင်ထားပါ။
- MDAC (Malaysia Digital Arrival Card) ကို မလေးရှားရောက်မည့်နေ့အပါအဝင် ၃ ရက်အတွင်း တရားဝင် site မှာ ဖြည့်ပါ။
- Show Money ပြင်ဆင်ရန် — USD 500။ ဤပမာဏသည် MangoWings ပြင်ဆင်ရေးအကြံပြုချက်ဖြစ်ပြီး ဝင်ခွင့်အာမခံချက် မဟုတ်ပါ။
စင်္ကာပူကို အလည်သွားဖို့
- Passport သက်တမ်း အနည်းဆုံး ၆ လ၊ ဆက်လက်ခရီး/အပြန်လက်မှတ်နှင့် တည်းခိုရာအချက်အလက်ကို ပြင်ထားပါ။
- SG Arrival Card (SGAC) ကို ရောက်မည့်နေ့အပါအဝင် ၃ ရက်အတွင်း အခမဲ့ ဖြည့်ပါ။ SGAC သည် visa မဟုတ်ပါ။
- Show Money ပြင်ဆင်ရန် — USD 800။ ဤပမာဏသည် MangoWings ပြင်ဆင်ရေးအကြံပြုချက်ဖြစ်ပြီး တရားဝင် သတ်မှတ်ချက် သို့မဟုတ် ဝင်ခွင့်အာမခံချက် မဟုတ်ပါ။
ထိုင်းကို ကျောင်းနဲ့သွားဖို့
- ကျောင်းလက်ခံစာ၊ သက်ဆိုင်ရာ ကျောင်းသား visa/ခွင့်ပြုချက်၊ ကျောင်းလခသွင်းပြေစာနှင့် ကျောင်းဆက်သွယ်ရန် အချက်အလက်ကို ပြင်ထားပါ။ အလည် visa-free ၁၄ ရက်ကို ကျောင်းတက်ခွင့်အဖြစ် မယူဆပါနှင့်။
- Passport PV သို့မဟုတ် PE ကိုင်ထားပါက ကိုယ့်ကျောင်းသား visa၊ ထွက်ခွာခွင့်နှင့် ကိုက်ညီမှုကို သက်ဆိုင်ရာရုံးနှင့် airline ထံ ကြိုအတည်ပြုပါ။
- ကျောင်းသားခရီးမှာ အပြန်လက်မှတ်ကို အမြဲတမ်း မလိုဟု မယူဆပါနှင့်။ ကိုယ့် visa/ခွင့်ပြုချက်နှင့် airline သတ်မှတ်ချက်အတိုင်း စစ်ပါ။
- TDAC ကို ထိုင်းရောက်မည့်နေ့အပါအဝင် ၃ ရက်အတွင်း ဖြည့်ပါ။ Show Money ပြင်ဆင်ရန် — ฿20,000။
မလေးရှားကို ကျောင်းနဲ့သွားဖို့
- ကျောင်းလက်ခံစာ (Offer Letter)၊ eVAL/Student Pass လုပ်ငန်းစဉ်ဆိုင်ရာစာ၊ ကျောင်းလခသွင်းပြေစာကို ပြင်ထားပါ။ အလည်အတွက် ၁၄ ရက် visa-free ခွင့်ကို ကျောင်းတက်ခွင့်အဖြစ် မယူဆပါနှင့်။
- Passport PV သို့မဟုတ် PE နှင့် ကျောင်းသားခွင့်ပြုချက်၊ မြန်မာထွက်ခွာခွင့် ကိုက်ညီမှုကို ကြိုစစ်ပါ။ အပြန်လက်မှတ်အစား ကျောင်းသားစာရွက်စာတမ်း ပြနိုင်မလား airline ထံ အတည်ပြုပါ။
- MDAC ကို ရောက်မည့်နေ့အပါအဝင် ၃ ရက်အတွင်း ဖြည့်ပါ။ Show Money ပြင်ဆင်ရန် — USD 500။
စင်္ကာပူကို ကျောင်းနဲ့သွားဖို့
- ကျောင်းလက်ခံစာ၊ Student’s Pass အတည်ပြုစာ (IPA) သို့မဟုတ် သက်ဆိုင်ရာခွင့်ပြုချက်၊ ကျောင်းလခသွင်းပြေစာကို ပြင်ထားပါ။ ကျောင်းလက်ခံစာတစ်စောင်တည်းသည် ဝင်ခွင့် မဟုတ်ပါ။
- Passport PV သို့မဟုတ် PE နှင့် ကျောင်းသားခွင့်ပြုချက်၊ မြန်မာထွက်ခွာခွင့် ကိုက်ညီမှုကို ကြိုစစ်ပါ။ အပြန်လက်မှတ်လို/မလို ကိုယ့် pass အခြေအနေနှင့် airline ထံ အတည်ပြုပါ။
- SG Arrival Card (SGAC) ကို ရောက်မည့်နေ့အပါအဝင် ၃ ရက်အတွင်း ဖြည့်ပါ။ Show Money ပြင်ဆင်ရန် — USD 800။
လက်မှတ်ဝယ်ပြီးတာနဲ့ ဖတ်ရန်
လေယာဉ်လက်မှတ်
Booking confirmation ကို ဖွင့်ပြီး အချက်အလက်တွေ တိုက်စစ်ပါ။
Booking နဲ့ e-ticket ဘာကွာလဲ?
Booking/PNR က reservation ကို ရှာဖို့ သုံးတဲ့နံပါတ်ပါ။ e-ticket number က လက်မှတ်ထုတ်ပြီးကြောင်း စစ်ဖို့ အရေးကြီးပါတယ်။ မတွေ့ရင် ဝယ်ယူခဲ့တဲ့နေရာ သို့မဟုတ် လေကြောင်းလိုင်းကို မေးပါ။
Passport နဲ့ ဝင်ခွင့်
ဒီအပိုင်းကို လက်မှတ်ဝယ်ပြီးတာနဲ့ စစ်ပါ။ ပြင်ဆင်ဖို့ အချိန်လိုနိုင်ပါတယ်။
မြန်မာ Passport ကိုင်သူအတွက်
ကိုယ့် Passport အမျိုးအစားနဲ့ ဝင်မယ့်ပုံစံအလိုက် ဗီဇာလို/မလို၊ နေခွင့်ရက်နဲ့ ခရီးရက် ကိုက်ညီလား စစ်ပါ။ စည်းကမ်းပြောင်းနိုင်တဲ့အတွက် ခရီးမထွက်မီ လေကြောင်းလိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းထံ အတည်ပြုပါ။
တည်းခိုမှုနဲ့ အထောက်အထား
Flight နဲ့ တည်းခိုမယ့်ရက်တွေ တစ်ခုနဲ့တစ်ခု ကိုက်ဖို့ လိုပါတယ်။
TDAC ကို သတိရပါ
Thailand Digital Arrival Card ကို ထိုင်းရောက်မယ့်နေ့အပါအဝင် ၃ ရက်အတွင်း ဖြည့်ရပါတယ်။ အခမဲ့ဖြစ်ပြီး visa မဟုတ်ပါ။
TDAC တရားဝင်ဝက်ဘ်ဆိုက်တွင် ဖြည့်ရန် ↗MDAC ကို သတိရပါ
Malaysia Digital Arrival Card (MDAC) ကို မလေးရှားရောက်မယ့်နေ့အပါအဝင် ၃ ရက်အတွင်း တရားဝင် site မှာ ဖြည့်ပါ။ Passport၊ Flight နဲ့ တည်းခိုရာလိပ်စာကို အရင်ပြင်ထားပါ။
MDAC တရားဝင်ဝက်ဘ်ဆိုက်တွင် ဖြည့်ရန် ↗SG Arrival Card ကို သတိရပါ
SG Arrival Card (SGAC) ကို စင်္ကာပူရောက်မယ့်နေ့အပါအဝင် ၃ ရက်အတွင်း တရားဝင် site မှာ အခမဲ့ ဖြည့်ပါ။ SGAC က visa မဟုတ်ပါ။
SGAC တရားဝင်ဝက်ဘ်ဆိုက်တွင် ဖြည့်ရန် ↗ဤမြေပုံသည် လမ်းကြောင်းရှင်းပြရန် ဆွဲထားသော schematic ဖြစ်သည်။ လက်ရှိ Check-in ကောင်တာနှင့် Boarding Gate ကို လေဆိပ် screen တွင် စစ်ပါ။